Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထို​နေ့​မှစ၍ အစ္စရေး​သမီးပျို​တို့​သည် ဂိလဒ်​အမျိုးသား​၊ ယေဖသ​၏​သမီး​အတွက် တစ်​နှစ်​လျှင်​လေး​ရက် နှစ်စဉ်​သတိရ​အောက်မေ့​လေ့​ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:40
6 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​အဖို့​တည်ဆောက်​သော​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူဇော်​၏​။ နံ့သာပေါင်း​ကို​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ပူဇော်​၏​။ ဤသို့ဖြင့် အိမ်​တော်​ကို လက်စသတ်​လေ​၏​။


ယေရမိ​သည် ယောရှိ​မင်းကြီး​အတွက် ငိုချင်း​ကို ဖွဲ့​ခဲ့​၏​။ သီချင်းသည်​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည်​လည်း ယောရှိ​မင်းကြီး​အတွက် ငိုချင်း​များ​ကို ယနေ့​တိုင် သီဆို​နေ​ကြ​၏​။ ထို​ငိုချင်း​တို့​ကို အစ္စရေး​ပြည်​၏​ဓလေ့ထုံးတမ်း​တစ်​ခု​အဖြစ်​ထားရှိ​ပြီး မြည်တမ်းစာ​၌​ရေးမှတ်​ထား​ကြ​၏​။


ဂျူး​လူမျိုး​တို့​ကိုယ်တိုင်​မှစ၍ သားစဉ်မြေးဆက်​အပါအဝင် သူ​တို့​နှင့်​ပူးပေါင်း​လာ​သူ​အပေါင်း​တို့​သည် ထို​စာ​ပါ​သတ်မှတ်​ထား​သော​အချိန်​ရောက်​တိုင်း ထို​နေ့ရက်​နှစ်​ရက်​တွင် ပွဲတော်​ကို မပျက်မကွက် နှစ်စဉ်​ကျင်းပ​ကြ​မည်​ဟု အတည်ပြု​သဘောတူ​ခဲ့​ကြ​၏​။


နှစ်​လ​ပြည့်​သောအခါ သူ​သည် ဖခင်​ထံ​ပြန်လာ​၏​။ ဖခင်​သည်​လည်း မိမိ​ကတိသစ္စာ​ပြု​သည့်​အတိုင်း သမီး​၌ ပြု​လေ​၏​။ သူ​သည် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​အပျိုစင်​ဖြစ်​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​တွင် ဓလေ့​တစ်​ခု​ဖြစ်လာ​လေ​၏​။


ဧဖရိမ်​အမျိုးသား​တို့​သည် ဇာဖုန်​မြို့​သို့ စုရုံး​ချီတက်​လာ​ပြီး ယေဖသ​အား “​သင်​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​သောအခါ ငါ​တို့​ကို အဘယ်ကြောင့်​မ​ခေါ်​သနည်း​။ ယခု သင်​နှင့်​သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​”​ဟု ပြော​ကြ​၏​။


ရေတွင်း​နားတွင် သီချင်းဆိုသူ​တို့​က ထာဝရဘုရား​သည်​ဖြောင့်မတ်​သော​အမှု​ကို ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​တောသူတောင်သား​တို့​အား ဖြောင့်မတ်​စွာ​ပြု​တော်မူ​ကြောင်း​ကို သီဆို​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် မိမိ​တို့​မြို့​တံခါး​သို့ ပြန်လာ​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ