၁ ရာချုပ် 23:13 - မြန်မာ့စံမီသမ္မာကျမ်း13 အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 အာ မ ရံ့ သား များ ကား အာ ရုန် နှင့် မော ရှေ တို့ တည်း။ အာ ရုန် မှာ မူ သား စဉ် မြေး ဆက် တိုင် အောင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ဖြင့် ပူ ဇော် ခြင်း၊ အ မှု တော် ကို ဆောင် ရွက် ခြင်း၊ နာ မ တော် ဖြင့် ကောင်း ကြီး ပေး ခြင်း များ ကို အ စဉ် ပြု စေ ရန် အ ထူး သန့် ရှင်း ရာ အ ဖြစ် သီး ခြား ခွဲ ထား သူ ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible13 အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။