လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
၃ ရာ 8:60 - မြန်မာ့စံမီသမ္မာကျမ်း သို့မှ ထာဝရဘုရားတစ်ပါးတည်းသာ ဘုရားဖြစ်တော်မူပြီး အခြားဘုရားမရှိကြောင်းကို မြေကြီးသားအပေါင်းတို့ သိရကြလိမ့်မည်။ Common Language Bible သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။- |
လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
ထာဝရဘုရားထံ အကျွန်ုပ်တောင်းလျှောက်သော ဤဆုတောင်းချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ နေ့ညမပြတ်ရောက်ရှိပါစေသော။ နေ့စဉ်နှင့်အမျှ ကြုံနေရသော ကိုယ်တော့်အစေအပါး၏အမှုကိစ္စများနှင့် ကိုယ်တော့်လူမျိုးတော်အစ္စရေးတို့၏အမှုကိစ္စများကိုလည်း စီရင်ပေးသနားတော်မူပါစေသော။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
မကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။ ရှေးယခင်ကတည်းက သင်တို့ကို ငါပြောကြားခဲ့ပြီ၊ ကြားသိစေခဲ့ပြီမဟုတ်လော။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး အခြားဘုရားရှိသလော။ အခြားကျောက်ဆောင်မရှိ၊ ရှိသည်ကို ငါမသိ။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း သင်တို့သိမြင်ရန် ဤအမှုတို့ကို သင်တို့အားပြသတော်မူခြင်းဖြစ်၏။
ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။
ထာဝရဘုရားသည် တန်ခိုးကြီးသောဘုရားဖြစ်သည်ကို မြေကြီးသားအားလုံးသိစေရန်နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့အစဉ်ကြောက်ရွံ့ရိုသေကြစေရန်ဖြစ်၏”ဟု ပြောကြား၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။