၄ ရာ 19:19 - မြန်မာ့စံမီသမ္မာကျမ်း19 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သိရှိကြစေရန် ယခုပင်အကျွန်ုပ်တို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။'' အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ် သော ကြောင့် အ ကျွန်ုပ် တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မြေ တစ် ပြင် လုံး ရှိ တိုင်း နိုင် ငံ တ ကာ တို့ သည် ကိုယ် တော် တစ် ဆူ တည်း သာ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ မှတ် ကြ စေ ရန် ထို ဘု ရင့် လက် မှ အ ကျွန်ုပ် တို့ ကို လွတ် မြောက် စေ တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု လေ၏။ အခန်းကိုကြည့်ပါ။Judson Bible19 အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည်သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။