Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 4:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ကြောင်း သင်​တို့​သိမြင်​ရန် ဤ​အမှု​တို့​ကို သင်​တို့​အား​ပြသ​တော်မူ​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထာ ဝ ရ ဘု ရား သည် ဘု ရား သ ခင် မှန် ကြောင်း၊ ကိုယ် တော့် ပြင် အ ခြား မ ရှိ ကြောင်း ကို သိ သာ စေ ခြင်း ငှါ၊ သင် တို့ အား သာ လျှင် ဖော် ပြ ပြီး ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ထို​အ​ခြင်း​အ​ရာ​တို့​ကို သင်​တို့​အား​ပြ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 4:35
33 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။


သို့ဖြစ်၍ အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​ကြားသိဖူး​သမျှ​တို့​တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ဘုရား မ​ရှိ​ပါ​။


သို့မှ ထာဝရဘုရား​တစ်ပါးတည်း​သာ ဘုရား​ဖြစ်​တော်မူ​ပြီး အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို မြေကြီးသား​အပေါင်း​တို့ သိ​ရ​ကြ​လိမ့်မည်​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့ ကြားသိ​ဖူး​သမျှ​တို့​တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ဘုရား​မ​ရှိ​ပါ​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။


ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


ထိုသို့ဖြင့် ထာဝရဘုရား​ဟူသော​နာမ​တော်​ရှိ​သည့် ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။


အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။


ဖာရော​မင်းကြီး​က “​မနက်ဖြန်​”​ဟု ဆို​လျှင် မောရှေ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​ကြောင်း အရှင်​သိမြင်​စေရန် အရှင်​၏​စကား​အတိုင်း ဖြစ်​လိမ့်မည်​။


ထို့ကြောင့် အာရုန်​သည် မိမိ​လက်​ကို အီဂျစ်​ပြည်​၏​ရေ​များ​ပေါ်သို့​ဆန့်​သဖြင့် ဖား​များ​တက်လာ​၍ အီဂျစ်​ပြည်​ကို ဖုံးလွှမ်း​လေ​၏​။


သို့မဟုတ်လျှင် ဤ​တစ်ကြိမ်​တွင် ငါ​သည် ဘေးဒဏ်​အမျိုးမျိုး​ကို သင်​မှစ၍ သင်​၏​အမှုထမ်း​များ​၊ သင်​၏​ပြည်သူပြည်သား​များ​အပေါ်​သို့ ကျရောက်​စေ​မည်​။ ဤသို့ဖြင့် မြေ​တစ်ပြင်လုံး​၌ ငါ​ကဲ့သို့သော​ဘုရား​မ​ရှိ​ကြောင်း သင်​သိမြင်​လိမ့်မည်​။


ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။


အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။


မ​ကြောက်​ကြ​နှင့်​။ မ​စိုးရိမ်​ကြ​နှင့်​။ ရှေးယခင်​ကတည်းက သင်​တို့​ကို ငါ​ပြောကြား​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​မ​ဟုတ်​လော​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​ရှိ​သလော​။ အခြား​ကျောက်ဆောင်​မ​ရှိ​၊ ရှိ​သည်​ကို ငါ​မ​သိ​။


မိုးကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​၊ မြေကြီး​ကို​ပုံဖော်ဖန်ဆင်း​သော​၊ ဖြစ်​တည်​စေ​သော​၊ အချည်းနှီးသက်သက်​မ​ဖန်ဆင်း​ဘဲ သက်ရှိ​တို့​နေထိုင်​ရာ​အဖြစ် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင် ထာဝရဘုရား​က “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။


မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။


ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ခွန်အား​နှင့်​ပတ်စည်း​မည်​။


ယေရှု​က“ပထမ​ပညတ်ချက်​မှာ ‘အို အစ္စရေး​အမျိုး၊ နားထောင်​လော့။ ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား​ဖြစ်​တော်မူ​၏။


ထို​ကျမ်းပြု​ဆရာ​က​လည်း “မှန်​ပါ​၏​ဆရာ။ ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​၍ ထို​ဘုရားသခင်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ဟု ဆရာ​ပြော​သည်​မှာ ဟုတ်မှန်​ပါ​၏။


ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။


ငါ​တို့​အတွက်​မူကား ခမည်းတော်​တည်းဟူသော ဘုရားသခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်လာ​ပြီး ငါ​တို့​သည် ကိုယ်တော်​၌​တည်​ကြ​၏။ ထို့ပြင် ငါ​တို့​အတွက် ယေရှု​ခရစ်တော်​တည်းဟူသော သခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ထို​သခင်​အားဖြင့်​ဖြစ်လာ​ပြီး ငါ​တို့​သည် ထို​သခင်​၌​တည်​ကြ​၏။


သူ့​ကို​ပို့ဆောင်​ပေး​သူ​မှာ တိုင်းတစ်ပါးသား​၏​ဘုရား​မ​ဟုတ်​၊ ထာဝရဘုရား​တစ်ပါးတည်း​သာလျှင် ဖြစ်​၏​။


သူ​တို့​အပေါ် ဘေးအန္တရာယ်​များ​ကို စုပြုံကျရောက်​စေ​မည်​။ ငါ့​မြား​တို့​ကို သူ​တို့​ထံ အကုန်​ပစ်လွှတ်​မည်​။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


အို ယေရှုရုန်​၊ သင်​၏​ဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​ရန် မိုးကောင်းကင်​ကို​စီးနင်း​တော်မူ​၏​၊ မိမိ​အာနုဘော်​တော်​ဖြင့်​မိုးတိမ်​ကို စီးနင်း​တော်မူ​၏​။


ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။


အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် တစ်ဆူတည်း​သော​ထာဝရဘုရား​ဖြစ်​တော်မူ​၏​။


သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊


ထာဝရဘုရား​ကဲ့သို့ သန့်ရှင်း​သော​သူ​မ​ရှိ​။ အကယ်စင်စစ် ကိုယ်တော်​မှတစ်ပါး အခြားသူ​မ​ရှိ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကဲ့သို့သော​ကျောက်ဆောင် မ​ရှိ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ