၃ ရာ 5:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။ Common Language Bible သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။ Garrad Bible လေ ဗ နုန် တော ရှိ သစ် က တိုး သစ် များ ကို ကျွန်ုပ် အ ဖို့ ခုတ် လုပ် ရန် အ မှု ထမ်း တို့ အား အ မိန့် ပေး ပါ လော့။ အ ကြည် တော် ဆုံး ဖြတ် ရာ အ ခ ကို ပေး မည့် ပြင် ကျွန်ုပ် အ မှု ထမ်း တို့ လည်း ကူ ညီ စေ ပါ မည်။ ဇိ ဒုန် လူ မျိုး တို့ အ ခုတ် အ လုပ် ကျွမ်း ကျင် သည့် နည်း တူ ကျွန်ုပ် တွင် ကျွမ်း ကျင် သူ မ ရှိ ကြောင်း အ ကြည် တော် သိ ပါ သည် ဟု အ မှာ တော် သ လိုက် လေ ၏။ Judson Bible မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။ |
ရှောလမုန်မင်းကြီးသည် ရထားများ၊ မြင်းများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိလေ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တွင် ထားရှိ၏။
ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီး၏စကားကိုကြားလျှင် “ယနေ့ ဤလူမျိုးကြီးအပေါ် အုပ်ချုပ်ရန် ဒါဝိဒ်မင်းကြီးအား ပညာရှိသောသားကိုပေးတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု ဝမ်းသာအားရမြွက်ဆိုလေ၏။
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
ရှောလမုန်ဘဏ္ဍာသိုလှောင်ရာမြို့များ၊ စစ်ရထားမြို့များ၊ မြင်းစီးသူရဲမြို့များသာမက ဂျေရုဆလင်မြို့၊ လက်ဘနွန်တောင်အပါအဝင် မိမိအုပ်စိုးရာနယ်မြေရှိသမျှတို့တွင် ဆောက်လိုသောအဆောက်အအုံများကိုလည်း စိတ်တိုင်းကျဆောက်လုပ်လေ၏။
ဟိရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းကို သိနားလည်သော မိမိ၏အမှုထမ်းသင်္ဘောသားတို့ကို ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ သင်္ဘောလိုက်စေ၏။
ဆီဒုန်မြို့သား၊ တိုင်ရာမြို့သားတို့သည်လည်း ဒါဝိဒ်မင်းကြီးထံ သစ်ကတိုးသား အမြောက်အမြားယူဆောင်လာပေးသဖြင့် သစ်ကတိုးသားများမှာ မရေမတွက်နိုင်အောင် များပြားလှ၏။
ရှောလမုန်မင်းကြီးသည် မြင်းများ၊ ရထားများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးရေတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တို့တွင် ထားရှိ၏။
မင်းကြီး၏အမှုထမ်း သစ်ခုတ်သမားများ သစ်ခုတ်ပေးသည့်အဖိုးအခအဖြစ် ကြိတ်ပြီးသားဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် ကောရနှစ်သောင်း၊ စပျစ်ဝိုင် ဗတ်နှစ်သောင်း၊ သံလွင်ဆီ ဗတ်နှစ်သောင်း ပေးပါမည်”ဟု မှာလိုက်၏။
ထို့အတူ လက်ဘနွန်တောင်မှ သစ်ကတိုးသားများ၊ ထင်းရှူးသားများ၊ စန္ဒကူးသားများကိုလည်း ပို့ပေးပါ။ မင်းကြီး၏အမှုထမ်းတို့သည် လက်ဘနွန်သစ်များကို ခုတ်ထွင်ရာ၌ ကျွမ်းကျင်ကြောင်း အကျွန်ုပ်သိပါ၏။ အကျွန်ုပ်၏အမှုထမ်းတို့ကို မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်စေမည်။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
ထို့နောက် ငါက သူတို့အား “ငါ့အား လုပ်အားခပေးသင့်သည်ဟုထင်လျှင် ပေးလော့။ မပေးလိုလျှင်လည်း မပေးနှင့်”ဟု ဆိုလျှင် သူတို့သည် လုပ်အားခအဖြစ် ငွေစသုံးဆယ်ကို ချိန်တွယ်ပေးကြ၏။
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။