၃ ရာ 10:26 - မြန်မာ့စံမီသမ္မာကျမ်း26 ရှောလမုန်မင်းကြီးသည် ရထားများ၊ မြင်းများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိလေ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တွင် ထားရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 ရှောလမုန်သည်စစ်ရထားတစ်ထောင့်လေးရာနှင့် မြင်းကောင်ရေတစ်သောင်းနှစ်ထောင်ရှိသောတပ်ကို ဖွဲ့စည်းပြီးနောက် အချို့ကိုယေရုရှလင်မြို့တွင် လည်းကောင်း၊ အချို့ကိုအခြားမြို့တို့တွင်လည်း ကောင်းစခန်းချ၍ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible26 ရှော လ မုန် မင်း လည်း စစ် ရ ထား နှင့် မြင်း စီး သူ ရဲ များ ကို ဖွဲ့ စည်း သည့် အ လျောက် ရ ထား တစ် ထောင့် လေး ရာ၊ မြင်း စီး သူ ရဲ တစ် သောင်း နှစ် ထောင် တို့ ကို ရ ထား ထိန်း မြို့ များ ၌ လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ အ ပါး တော် ၌ လည်း ကောင်း၊ ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲများကိုဆည်းပူး၍၊ ရထားတစ်ထောင်နှင့် လေးရာ၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်းထား၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။