ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
၃ ရာ 4:25 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးအုပ်စိုးစဉ်ကာလပတ်လုံး ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် ယုဒလူမျိုးနှင့်အစ္စရေးလူမျိုးတို့သည် ကိုယ့်စပျစ်ပင်အောက်၊ ကိုယ့်သဖန်းပင်အောက်တွင် ဘေးကင်းလုံခြုံစွာနေထိုင်ရလေ၏။ Common Language Bible သူအသက်ရှင်သမျှကာလပတ်လုံးယုဒ ပြည်နှင့် ဣသရေလပြည်တစ်ဝန်းလုံးရှိလူ တို့သည် မိမိတို့အိမ်ထောင်စုအသီးသီးပိုင် စပျစ်ခြံ၊ သင်္ဘောသဖန်းခြံတွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ကြလေသည်။ Garrad Bible လက် ထက် တော် ကာ လ ပတ် လုံး၊ ယု ဒ နှင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ဒန် မြို့ မှ စ ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ကိုယ့် စ ပျစ် ခြံ၊ သ ဖန်း ခြံ ရိပ် တွင် စိတ် ချ စွာ နေ ထိုင် ရ ကြ လေ ၏။ Judson Bible လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။ |
ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
ထိုအခါ သင်က မြို့ရိုးမရှိသောကျေးရွာများကို ဝင်တိုက်မည်။ တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ မြို့ရိုးမရှိသော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေးနေထိုင်သော ထိုပြည်သားတို့ကို ဝင်တိုက်မည်ဟု ပြောလိမ့်မည်။
သူတို့၏နေရင်းပြည်တွင် ခြိမ်းခြောက်မည့်သူမရှိ ဘေးကင်းလုံခြုံစွာနေရသောအခါ သူတို့အရှက်ကွဲခဲ့ရသည်ကိုလည်းကောင်း၊ ငါ့အပေါ်သစ္စာမဲ့၍ ဖောက်ပြန်မှားယွင်းခဲ့ကြသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
ရှမွေလသည် ထာဝရဘုရား၏ပရောဖက်ဖြစ်ကြောင်းကို ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြ၏။