ဟေရှာယ 36:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible16-17 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16-17 ဟေ ဇ ကိ မင်း စ ကား ကို နား မ ထောင် ကြ နှင့်။ အာ ရှု ရိ ဘု ရင် မိန့် တော် မူ သည် ကား သင် တို့ ရှိ ရာ ငါ လာ ရောက် ၍၊ သင် တို့ နေ ပြည် နှင့် တူ သော၊ စ ပါး ဆန် ရေ နှင့် လည်း ကောင်း၊ ခဲ ဖွယ်၊ စ ပျစ် ခြံ များ နှင့် လည်း ကောင်း၊ ကြွယ် ဝ သော ပြည် သို့ ငါ မ ပို့ မ ချင်း၊ အ သီး အ သီး ကိုယ့် ဆိုင် ရာ စ ပျစ် သီး၊ သ ဖန်း သီး များ ကို စား၍၊ ကိုယ့် တွင်း ရေ ကို သောက် ခွင့် ရ ကြ လျက်၊ ငါ့ ဘက် သို့ သို့ ဝင် ပြီး လျှင်၊ မင်္ဂ လာ ဆု ကို ခံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible16 ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။