၄ ရာ 18:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible31-32 ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible31-32 ဟေ ဇ ကိ မင်း စ ကား ကို နား မ ထောင် ကြ နှင့်။ အာ ရှု ရိ ဘု ရင် မိန့် တော် မူ သည် ကား သင် တို့ ရှိ ရာ ငါ လာ ရောက်၍ သင် တို့ နေ ပြည် နှင့် တူ သော စ ပါး ဆန် ရေ နှင့် ခဲ ဖွယ်၊ စ ပျစ် ခြံ များ နှင့် လည်း ကောင်း၊ သံ လွင် ဆီ၊ ပျား ရည် များ နှင့် လည်း ကောင်း၊ ကြွယ် ဝ သော ပြည် သို့ ငါ မ ပို့ မ ချင်း၊ အ သီး အ သီး ကိုယ့် ဆိုင် ရာ စ ပျစ် သီး သ ဖန်း သီး များ ကို စား၍ ကိုယ့် တွင်း ရေ ကို သောက် ခွင့် ရ ကြ လျက် သေ ဘေး မ တွေ့ စေ ရန် ငါ့ ဘက် သို့ ဝင် ပြီး လျှင် မင်္ဂ လာ ဆု ကို ခံ ကြ လော့။ ငါ တို့ ကို ထာ ဝ ရ ဘု ရား လွတ် မြောက် စေ တော် မူ မည် ဟူ၍ ဟေ ဇ ကိ မင်း သွေး ဆောင် သော စ ကား ကို နား မ ထောင် ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible31 ဟေဇကိစကားကို နားမထောင်ကြနှင့်။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။