ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
၃ ရာ 4:20 - မြန်မာ့စံမီသမ္မာကျမ်း သမုဒ္ဒရာသဲလုံးနှင့်အမျှ အရေအတွက်များပြားလှသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့သည် ဝမ်းမြောက်ပျော်ရွှင်စွာ စားသောက်နေထိုင်ရလေ၏။ Common Language Bible ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။- Garrad Bible ယု ဒ နှင့် ဣ သ ရေ လ အ မျိုး သား တို့ သည် သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး နှင့် အ မျှ များ ပြား လျက် ရွှင် လန်း စွာ စား သောက် နေ ထိုင် ကြ ကုန် ၏။ Judson Bible ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။
ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။
အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။
အမျိုးသားချင်းတို့ ပြင်ဆင်ကျွေးမွေးသဖြင့် ထိုနေရာတွင် သူတို့သည် ဒါဝိဒ်နှင့်အတူ သုံးရက်တိုင်တိုင်စားသောက်ပွဲများ ကျင်းပကြ၏။
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတစ်ဦးရောက်လာ၍ “အရှင်၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြစဉ်
ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
“ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူတို့ကိုကွယ်ကာတော်မူမည်။ သူတို့သည် လောက်စာလုံးတို့ကို ဖျက်ဆီး၍ ချေပစ်မည်။ စပျစ်ဝိုင်သောက်၍ မူးယစ်သောသူကဲ့သို့ အော်ဟစ်ကြိမ်းမောင်းကြလိမ့်မည်။ အင်တုံကဲ့သို့လည်းကောင်း၊ ယဇ်ပလ္လင်ထောင့်စွန်းကဲ့သို့လည်းကောင်း ပြည့်လျှံကြလိမ့်မည်။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။