၃ ရာ 3:28 - မြန်မာ့စံမီသမ္မာကျမ်း
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
အခန်းကိုကြည့်ပါ။
ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
အခန်းကိုကြည့်ပါ။
ထို သို့ ဘု ရင် မင်း စီ ရင် ဆုံး ဖြတ် ချက် ကို ဣ သ ရေ လ တစ် မျိုး လုံး ကြား သိ သော အ ခါ တ ရား စီ ရင် ရန် ဘုရား သ ခင့် ထံ မှ ပညာ တော် ရ ရှိ ကြောင်း မှတ် ကျုံး လျက် ဘု ရင် မင်း ကို ခန့် ညား ကြ ကုန် ၏။
အခန်းကိုကြည့်ပါ။
ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည်အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
အခန်းကိုကြည့်ပါ။