Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 24:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ငါ့​သား​၊ ထာဝရဘုရား​နှင့်​ရှင်ဘုရင်​ကို ကြောက်ရွံ့​လော့​။ ဖောက်ပြန်​ပြောင်းလဲ​သော​သူ​တို့​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21-22 ငါ့ သား၊ ထာ ဝ ရ ဘု ရား ကို လည်း‌ ကောင်း၊ ဘု ရင် မင်း ကို လည်း‌ ကောင်း၊ ခန့် ညား လော့။ ထို နှစ် ပါး တို့ စီ ရင် တော် မူ သော ဒဏ် သည် ရုတ် တ ရက် သင့်၍၊ မည် သူ မျှ မ သိ နိုင် သော ဘေး ရောက် မည် ကို စိုး သော ကြောင့်၊ ထ ကြွ တတ် သူ တို့ နှင့် မ ပေါင်း လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​လော့။ မ​တည်​ကြည်​သော​သူ​တို့​နှင့် မရော​နှော​မ​ပေါင်း​ဖော်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 24:21
16 ပူးပေါင်းရင်းမြစ်များ  

ဤ​စစ်ပွဲ​သည် တိုင်းနိုင်ငံ​အားလုံး​သို့ ကူးစက်​ပျံ့နှံ့​သွား​ပြီး ထို​နေ့​တွင် ဓားစာ​ဖြစ်​သွား​သော​လူ​ထက် တောစာတောင်စာ​ဖြစ်​သွား​သော​လူ​က ပို၍​များ​၏​။


ထိုအခါ အဒေါနိယ​ဖိတ်ကြား​ထား​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​သဖြင့် ထ​၍ ကိုယ့်​လမ်း​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။


ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ကြီးမား​သော​တန်ခိုး​တော်​ဖြင့် စီရင်​တော်မူ​သည်​ကို အစ္စရေး​လူမျိုး​တို့ တွေ့မြင်​ကြ​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​၏​။ ထာဝရဘုရား​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အစေအပါး​မောရှေ​ကို​လည်းကောင်း ယုံကြည်​ကြ​၏​။


ဆိုးညစ်​သော​သူ​သည် ပုန်ကန်မှု​ကို​သာ​ရှာကြံ​တတ်​သည်​ဖြစ်၍ ရက်စက်​သော​စေတမန်​သည် သူ့​ထံသို့​စေလွှတ်​ခြင်း​ခံရ​လိမ့်မည်​။


သင်​၏​စိတ်နှလုံး​သည် အပြစ်သား​တို့​ကို မ​ငြူစူ​နှင့်​။ တစ်နေ့လုံး ထာဝရဘုရား​ကို ကြောက်ရွံ့​၍​သာ​နေ​လော့​။


သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သို့ဖြစ်လျှင် ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊


ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ