သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
၃ ရာ 22:40 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။ Garrad Bible အာ ဟပ် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျှင် သား တော် အာ ခ ဇိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ၏။ Judson Bible အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
အီဂျစ်ပြည်၌ရှိသောဟာဒဒ်သည် ဒါဝိဒ်မင်းကြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွားပြီဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ယွာဘလည်း သေဆုံးသွားပြီဖြစ်ကြောင်းကို ကြားသိရသောအခါ ဟာဒဒ်က ဖာရောမင်းကြီးအား “အကျွန်ုပ်၏နေရင်းပြည်သို့ ပြန်သွားခွင့်ပြုပါ”ဟု တောင်းဆိုလေ၏။
ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီး နန်းစံလေးနှစ်တွင် ယုဒပြည်၌ အာသမင်းကြီး၏သားတော်ယောရှဖတ် နန်းတက်၏။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
သူသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ ခမည်းတော်လျှောက်သောလမ်းအတိုင်း၊ မယ်တော်လျှောက်သောလမ်းအတိုင်း၊ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။
ထို့နောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့ခဲ့၏။ အာခဇိမင်းကြီးသည် ဆိုးယုတ်သောအမှုကို ပြုကျင့်သောသူဖြစ်၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။