ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
၃ ရာ 22:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ယောရှဖတ်မင်းကြီးကိုလည်း “ရာမုတ်ဂိလဒ်မြို့ကို သွားတိုက်မည်။ သင်သည် အကျွန်ုပ်နှင့်အတူ လိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏”ဟု ပြန်ပြော၏။ Common Language Bible ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိလျှင် ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏စစ်သည် တော်များနှင့်မြင်းစီးသူရဲများသည်လည်း အဆင်သင့်ရှိပါသည်။- Garrad Bible ယော ရှ ဖတ် မင်း အား လည်း အ ကြည် တော် သည် ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့၊ ကျွန်ုပ် နှင့် အ တူ စစ် ချီ မည် လော ဟု မေး ရာ ယော ရှ ဖတ် မင်း က၊ ကျွန်ုပ် သည် အ ကြည် တော် ကဲ့ သို့ လည်း ကောင်း၊ ဗိုလ် ထု လည်း အ ကြည် တော့် ဗိုလ် ထု ကဲ့ သို့ လည်း ကောင်း၊ မြင်း တပ် လည်း အ ကြည် တော် မြင်း တပ် ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ သည် ဟု ဣ သ ရေ လ ဘု ရင် အား ပြန် ဆို လေ ၏။ Judson Bible ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန်ပြော၏။ |
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
အကြောင်းမူကား ထိုသို့သောသူကိုနှုတ်ခွန်းဆက်လျှင် သူ၏ဆိုးညစ်သောအမှု၌ ပါဝင်ရာရောက်၏။
အောင်မြင်သောသူနှင့် ငါ၏အမှုကို အဆုံးတိုင်အောင်စောင့်ထိန်းသောသူအား လူမျိုးတကာတို့ကိုအုပ်စိုးရသောအခွင့်ကို ငါပေးမည်။