ထို့နောက် သူသည် အာဟပ်မင်းကြီးအမည်ဖြင့် စာရေးပြီး ရှင်ဘုရင်တံဆိပ်တော်ခတ်နှိပ်ကာ နာဗုတ်နေထိုင်ရာမြို့ရှိ သက်ကြီးဝါကြီးများ၊ မှူးမတ်များထံသို့ ထိုစာကို ပေးပို့လိုက်၏။
ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။-
အာ ဟပ် မင်း တံ ဆိပ်၊ အ မည် တော် ဖြင့် စာ ရေး ၍ နာ ဗုတ် နေ သော မြို့ ရှိ မှူး မတ် နှင့် လူ ကြီး များ ထံ ပို့ လိုက် လေ ၏။
အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ်တော်နှင့်ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့် မှူးမတ်များထံသို့ ပေးလိုက်လေ၏။
ထိုအခါ အစ္စရေးဘုရင်သည် တိုင်းပြည်ရှိသက်ကြီးဝါကြီးအပေါင်းတို့ကို ဆင့်ခေါ်၍ “ဤလူ မည်မျှရန်ရှာလိုသည်ကို ကြည့်ပြီး သိကြပါလော့။ သူသည် ငါ့ထံလူလွှတ်ပြီး မိဖုရားများ၊ သားတော်များနှင့်တကွ ရွှေငွေများကိုပါ တောင်းသောအခါ ငါမငြင်းခဲ့ပါ”ဟု မိန့်ဆို၏။
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထိုစာထဲတွင် “အစာရှောင်ရာနေ့ကို ကြေညာ၍ ထိုနေ့တွင် နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေလော့။
ယေဟုသည် ယေဇရေလမြို့တွင် ကြွင်းကျန်သောအာဟပ်မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများ၊ အသိအကျွမ်းများမှစ၍ ယဇ်ပုရောဟိတ်များပါမကျန် အသက်ရှင်ခွင့်မပေးဘဲ အားလုံးကို ကွပ်မျက်ပစ်လိုက်လေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။
အာတဇေရဇ်မင်းကြီးထံ ရေးပို့လိုက်သော ထိုစာ၏မိတ္တူတွင် “မြစ်တစ်ဖက်၌နေထိုင်သောအရှင့်ကျွန်တို့သည် အရှင်မင်းကြီးထံ လျှောက်ထားအပ်ပါ၏။
သမ္ဘာလတ်သည် ယခင်ကဲ့သို့ သူ့လက်အောက်ငယ်သားကို ငါ့ထံ ငါးကြိမ်မြောက်စေလွှတ်၏။ ထိုငယ်သားလက်ထဲတွင်လည်း တံဆိပ်မခတ်ထားသောစာ ပါလာ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။
သူသည် မြို့၏သက်ကြီးဝါကြီးဆယ်ယောက်ကိုလည်း ခေါ်၍ “ထိုင်ကြပါဦး”ဟု ဆိုလျှင် သူတို့လည်း ထိုင်ကြ၏။