၄ ရာ 10:11 - မြန်မာ့စံမီသမ္မာကျမ်း11 ယေဟုသည် ယေဇရေလမြို့တွင် ကြွင်းကျန်သောအာဟပ်မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများ၊ အသိအကျွမ်းများမှစ၍ ယဇ်ပုရောဟိတ်များပါမကျန် အသက်ရှင်ခွင့်မပေးဘဲ အားလုံးကို ကွပ်မျက်ပစ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ယေ ဇ ရေ လ မြို့၌ ကျန် ကြွင်း သော အာ ဟပ် မင်း မျိုး မှ စ၍ ဘက် ပါ အ ကြီး အ ကဲ၊ ကျွမ်း ဝင် သူ၊ ပ ရော ဟိတ် အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ကွပ် မျက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ်အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဖော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။