၂ ရာချုပ် 32:17 - မြန်မာ့စံမီသမ္မာကျမ်း17 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ဧကရာဇ်မင်းသည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ကိုအာခံလျက် ပေးပို့ သောအမှာတော်စာတွင်``အတိုင်းတိုင်းအပြည် ပြည်မှဘုရားများသည်မိမိတို့၏လူများ အားငါ၏လက်မှမကယ်နိုင်ခဲ့ကြ။ ဟေဇကိ ၏ဘုရားသည်လည်းမိမိ၏လူတို့ကိုငါ ၏လက်မှကယ်နိုင်လိမ့်မည်မဟုတ်'' ဟု ဖော်ပြထားသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible17 အာ ရှု ရိ ဘု ရင် က လည်း၊ တိုင်း နိုင် ငံ သား တို့ ဘု ရား များ သည်၊ ကိုယ့် လူ မျိုး ကို ငါ့ လက် တွင်း မှ မ လွတ် မြောက် စေ နိုင် သည့် နည်း တူ ပင်၊ ဟေ ဇ ကိ မင်း ၏ ဘုရား ကား။ ကိုယ့် လူ မျိုး ကို လွတ် မြောက် စေ နိုင် မည် မ ဟုတ် ဟူ ၍၊ ဣသ ရေ လ လူ မျိုး ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို၊ ကဲ့ ရဲ့ ဆဲ ဆို သော အ မှာ တော် စာ ကို လည်း ရေး ပို့ လိုက် ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုမှတစ်ပါး အခြားသောတိုင်းနိုင်ငံဘုရားတို့သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သောစာကိုရေး၍ ပေးလိုက်သေး၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။