ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
၃ ရာ 20:29 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်စခန်းချထားကြသည်မှာ ခုနစ်ရက်တိုင်တိုင်ဖြစ်၏။ ခုနစ်ရက်မြောက်သောနေ့တွင် စတင်တိုက်ခိုက်ကြရာ တစ်နေ့တည်းတွင် အစ္စရေးအမျိုးသားတို့သည် ဆီးရီးယားခြေလျင်တပ်သား အယောက်တစ်သိန်းကို ချေမှုန်းနိုင်ခဲ့၏။ Common Language Bible ရှုရိအမျိုးသားနှင့်ဣသရေလအမျိုးသား များသည် ခုနစ်ရက်တိုင်တိုင်မျက်နှာချင်းဆိုင် တပ်စွဲလျက်နေကြ၏။ ခုနစ်ရက်မြောက်သော နေ့၌စတင်တိုက်ခိုက်ကြသောအခါ ဣသ ရေလအမျိုးသားတို့ကရှုရိအမျိုးသား တစ်သိန်းကိုသတ်ဖြတ်လိုက်လေသည်။- Garrad Bible ခု နစ် ရက် တိုင် တိုင်၊ တပ် နှစ် သွယ် ရင် ဆိုင် စွဲ လျက် သ တ္တ မ နေ့ ၌ စစ် တိုက် ကြ ရာ၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ရှု ရိ ခြေ သည် တစ် သိန်း ကို နေ့ ချင်း လုပ် ကြံ သ ဖြင့်၊ Judson Bible ထိုသူတို့သည် ခုနစ်ရက်ပတ်လုံး တစ်ဖက်တစ်ချက်တွင် တပ်ချလျက်နေပြီးမှ၊ သတ္တမနေ့၌စစ်ပြိုင်၍ ဣသရေလလူတို့သည် တစ်နေ့ချင်းတွင် ရှုရိခြေသည်သူရဲတစ်သိန်းကို သတ်ကြ၏။ |
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူး အယောက်ခုနစ်ရာ၊ မြင်းစီးသူရဲ အယောက်လေးသောင်းတို့ကို ကွပ်မျက်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း ထိုနေရာတွင်ပင် အသေသတ်လိုက်လေ၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။
ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှမင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။
အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်သည်နှင့် သူတို့သည်ထ၍ ယခင်နည်းအတိုင်း မြို့ကိုခုနစ်ပတ် လှည့်ပတ်လေ၏။ ဤနေ့တစ်နေ့သာ မြို့ကိုခုနစ်ပတ်လှည့်ပတ်ခြင်းဖြစ်၏။
ထိုဖိလိတ္တိပြည်သားသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရက်လေးဆယ်ပတ်လုံး လူလုံးထွက်ပြလေ့ရှိ၏။