ထိုအခါ ပရောဖက်သည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်သည် နှစ်ဦးပိုင်းတွင် သင့်ကို ပြန်လာတိုက်လိမ့်ဦးမည်။ သင်သွား၍ စစ်အင်အားဖြည့်လော့။ သင်မည်သို့ပြုရမည်ကို ဆင်ခြင်သတိပြုလော့”ဟု သူ့အား ဆင့်ဆို၏။
ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
ဣ သ ရေ လ ဘု ရင့် ထံ ချဉ်း ကပ် ပြီး လျှင် နှစ် ဦး သ မ ယ တိုင် ရောက် သော အ ခါ စစ် တိုက် ရာ ရှု ရိ ဘု ရင် ချီ လာ ဦး မည် ဖြစ် ၍ ခိုင် လုံ အောင် သ တိ နှင့် စီ မံ လော့ ဟု နှိုး ဆော် လေ ၏။
တစ်ဖန် ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍လာလေဦးမည်ဟု ဆို၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
အစ္စရေးဘုရင်လည်း ထွက်လာပြီး မြင်းတပ်၊ ရထားတပ်များကို တိုက်ခိုက်၍ ဆီးရီးယားတပ်သားတို့ကိုလည်း အကြီးအကျယ်သတ်ဖြတ်လေ၏။
ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့စစ်ထွက်တိုက်ချိန်ရောက်သောအခါ ယွာဘသည် စစ်သည်အလုံးအရင်းကို ဦးဆောင်လျက် အမ္မုန်အမျိုးသားတို့၏ပြည်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း သွားရောက်ဝိုင်းရံထား၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ခိုက်အောင်နိုင်လေ၏။
ထို့နောက် အာမဇိမင်းကြီးသည် ရဲရင့်စွာဖြင့် မိမိစစ်သည်တို့ကိုဦးဆောင်လျက် ဆားချိုင့်ဝှမ်းသို့ချီတက်ကာ စိရပြည်သားတစ်သောင်းကို ကွပ်မျက်နိုင်ခဲ့၏။
မင်းကြီးသွားလိုလျှင် သွားလော့။ စစ်ပွဲအတွက်ကိုယ်ကိုခိုင်ခံ့အောင်လုပ်သော်လည်း ဘုရားသခင်သည် မင်းကြီးကို ရန်သူတို့ရှေ့မှာ ရှုံးနိမ့်စေလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် ကူညီနိုင်စွမ်း၊ ရှုံးနိမ့်စေနိုင်စွမ်းရှိ၏”ဟု ဆိုလေ၏။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။
အချင်းလူမျိုးတို့၊ ဆိုးသွမ်းကြ။ ပြိုကွဲကြ။ ဝေးလံသောပြည်အပေါင်းတို့၊ စူးစိုက်နားထောင်ကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။