Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 20:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့​စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ယွာဘ​သည် စစ်သည်​အလုံးအရင်း​ကို ဦးဆောင်​လျက် အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို တိုက်ခိုက်ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း သွားရောက်​ဝိုင်းရံ​ထား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။ ယွာဘ​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​အောင်​နိုင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဘု ရင် မင်း တို့ စစ် ချီ လေ့ ရှိ သော နှစ် ဦး သ မ ယ တိုင် ရောက် သော အ ခါ ယေ ရု ရှ လင် မြို့ တွင် ဒါ ဝိဒ် မင်း စံ နေ ရစ် ရာ ယွာ ဘ သည် ဗိုလ် ထု အ လုံး အ ရင်း ကို ခေါ် ဆောင် လျက် အ မ္မုန် ပြည် ကို တိုက် ဖျက် ပြီး မှ ရ ဗ္ဗာ မြို့ ကို ချဉ်း ကပ် ဝိုင်း ဝန်း၍ လုပ် ကြံ ဖြို လှဲ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​ခါ​လည်၍၊ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့် ချီ​သွား​သ​ဖြင့်၊ အ​မ္မုန်​ပြည်​ကို တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 20:1
15 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။


ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ရောက်​သောအခါ အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​မှ နာဟတ်​၏​သား ရှောဘိ​၊ လောဒေဗာ​မြို့​မှ အမျေလ​၏​သား မာခိရ​၊ ရောဂေလိမ်​မြို့​မှ ဂိလဒ်​ပြည်သား ဗာဇိလဲ တို့​က


ထိုအခါ ပရောဖက်​သည် အစ္စရေး​ဘုရင်​ထံ​ရောက်လာ​၍ “​ဆီးရီးယား​ဘုရင်​သည် နှစ်ဦးပိုင်း​တွင် သင့်​ကို ပြန်လာ​တိုက်​လိမ့်​ဦး​မည်​။ သင်​သွား​၍ စစ်အင်အားဖြည့်​လော့​။ သင်​မည်သို့​ပြု​ရ​မည်​ကို ဆင်ခြင်​သတိပြု​လော့​”​ဟု သူ့​အား ဆင့်ဆို​၏​။


ထို့နောက် နှစ်ဦးပိုင်း​ရောက်​သောအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် ဆီးရီးယား​တပ်သား​တို့​ကို​စုရုံး​ပြီး အစ္စရေး​တပ်​နှင့်​စစ်တိုက်​ရန် အာဖက်​မြို့​သို့ ချီသွား​ကြ​၏​။


ထို့နောက်တွင် ဧလိရှဲ​ကွယ်လွန်​သွား​သဖြင့် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ နှစ်ဦးပိုင်း​ရောက်​ချိန်​တွင် မောဘ​ဓားပြ​အဖွဲ့​တို့​သည် တိုင်းပြည်​ကို လာရောက်​တိုက်ခိုက်​ကြ​၏​။


ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် ဒါဝိဒ်​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။


ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။


ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊


အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​နှင့် ယုဒ​ပြည်​၊ ဂျေရုဆလင်​ခံတပ်​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​ကို မှတ်သား​ရ​မည်​။


ရဗ္ဗာ​မြို့​ကို ကုလားအုတ်​တို့​ကျက်စား​ရာ​၊ အမ္မုန်​ပြည်​ကို သိုး​များ​နားနေရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


(​အကယ်စင်စစ် ရေဖိမ်​လူမျိုး​တွင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တစ်ယောက်တည်း​သာ ကြွင်းကျန်​၏​။ လူ့​လက်​ဖြင့်​တိုင်း​လျှင် အလျား​ကိုး​တောင်​၊ အနံ​လေး​တောင်​ရှိ​သော သူ​၏​သံ​ညောင်စောင်း​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့​ဖြစ်​သော​ရဗ္ဗာ​မြို့​၌ တွေ့​နိုင်​၏​။​)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ