Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 20:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့နောက် နှစ်ဦးပိုင်း​ရောက်​သောအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် ဆီးရီးယား​တပ်သား​တို့​ကို​စုရုံး​ပြီး အစ္စရေး​တပ်​နှင့်​စစ်တိုက်​ရန် အာဖက်​မြို့​သို့ ချီသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ဗ င်္ဟာ ဒဒ် မင်း သည် နှစ် ဦး အ ခါ သ မ ယ တွင် ရှု ရိ ဗိုလ် ထု ကို စု ရုံး စေ ပြီး မှ ဣ သ ရေ လ လူ မျိုး တို့ နှင့် တိုက် ခိုက် ရန် အာ ဖက် မြို့ သို့ ချီ သွား ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 နှစ်​လည်​သော​အ​ခါ ဗင်္ဟာ​ဒဒ်​မင်း​သည် ရှု​ရိ​လူ​တို့​ကို​ရေ​တွက်၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ၊ အာ​ဖက်​မြို့​သို့ ချီ​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 20:26
10 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။


ထိုအခါ ပရောဖက်​သည် အစ္စရေး​ဘုရင်​ထံ​ရောက်လာ​၍ “​ဆီးရီးယား​ဘုရင်​သည် နှစ်ဦးပိုင်း​တွင် သင့်​ကို ပြန်လာ​တိုက်​လိမ့်​ဦး​မည်​။ သင်​သွား​၍ စစ်အင်အားဖြည့်​လော့​။ သင်​မည်သို့​ပြု​ရ​မည်​ကို ဆင်ခြင်​သတိပြု​လော့​”​ဟု သူ့​အား ဆင့်ဆို​၏​။


ဆုံးရှုံး​သွား​ခဲ့​သော​အရာ​များ​အတွက် စစ်သည်​အစား​စစ်သည်​၊ မြင်း​အစား​မြင်း​၊ ရထား​အစား​ရထား အစားထိုး​ဖြည့်ဆည်း​ပေး​တော်မူ​ပါ​။ ပြီးလျှင် သူ​တို့​နှင့် လွင်ပြင်​တွင် တိုက်ခိုက်​ပါ​မည်​။ အကျွန်ုပ်​တို့ အမှန်​နိုင်​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ​တို့​စကား​ကို​နားထောင်​ပြီး ထိုအတိုင်း​ပြု​ပေး​၏​။


ကျန်​စစ်သည်​တို့​သည် အာဖက်​မြို့​သို့ ထွက်ပြေး​သွား​ကြ​၏​။ ထို​ကျန်ရှိ​သော​စစ်သည်​နှစ်သောင်း​ခုနစ်​ထောင်​အပေါ် မြို့ရိုး​ပြိုကျ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​သည်​လည်း မြို့တွင်း​သို့​ပြေး​ဝင်​ပြီး အိမ်ခန်း​ထဲတွင် ပုန်း​နေ​၏​။


ထို့နောက် ဧလိရှဲ​က “​အရှေ့​ပြတင်းပေါက်​ကို ဖွင့်​လော့​”​ဟု​ဆို​သဖြင့် ပြတင်းပေါက်​ကို​ဖွင့်​လျှင် ဧလိရှဲ​က “​ပစ်​လော့​”​ဟု​ဆို​သဖြင့် ရှင်ဘုရင်​လည်း ပစ်​လိုက်​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​အောင်မြင်​သော​မြား​၊ ဆီးရီးယား​လူမျိုး​ကို​အောင်နိုင်​သော​မြား ဖြစ်​၏​။ သင်​သည် အာဖက်​မြို့​တွင် ဆီးရီးယား​လူမျိုး​တို့​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​လိမ့်မည်​”​ဟု ဆို​၏​။


တောင်ဘက်​ခါနာန်​ပြည်​တစ်ခုလုံး​၊ ဆီဒုန်​လူမျိုး​တို့​ပိုင်​သော​မာရ​ပြည်​မှ အာမောရိ​ပြည်​နယ်နိမိတ်​အာဖက်​ပြည်​အထိ​၊


အုမ္မ​မြို့​၊ အာဖက်​မြို့​၊ ရဟောဘ​မြို့ အပါအဝင် မြို့​ပေါင်း​နှစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။


အာရှာ​အမျိုးအနွယ်​သည်​လည်း အက္ခော​မြို့သား​၊ ဆီဒုန်​မြို့သား​၊ အာလပ်​မြို့သား​၊ အာခဇိပ်​မြို့သား​၊ ဟေလဗ​မြို့သား​၊ အာဖိတ်​မြို့သား​၊ ရဟောဘ​မြို့သား​တို့​ကို​မ​နှင်ထုတ်​ခဲ့​ပေ​။


ဖိလိတ္တိ​တပ်​တစ်တပ်လုံး​သည် အာဖက်​မြို့​၌ စုဝေး​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​ကား ယေဇရေလ​မြို့​ရှိ စမ်းရေတွင်း​နား​၌ စခန်းချ​ကြ​၏​။


ရှမွေလ​၏​စကား​သည် အစ္စရေး​တစ်မျိုးလုံး​ထံသို့ ရောက်ရှိ​၏​။ ယခု​တွင် အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​၍ ဧဗနေဇာ​မြို့​တွင် စခန်းချ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား အာဖက်​မြို့​တွင် စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ