ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
၃ ရာ 18:41 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဧလိယက အာဟပ်မင်းကြီးအား “တက်သွားပြီး စားသောက်ပါလော့။ မိုးသည်းထန်စွာရွာမည့်အသံ ကြားရပြီ”ဟု ဆို၏။ Common Language Bible ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊- Garrad Bible ထို နောက် ဧ လိ ယ က၊ ကြွ၍ ပွဲ တော် တည် ပါ လော့။ သည်း စွာ ရွာ အံ့ သော မိုး သံ ကြား သည် ဟု အာ ဟပ် မင်း အား ဆို လျှင် Judson Bible ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှာတက်သွားပါလော့။ များစွာသော မိုးရွာမည့်အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။
ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
ထို့ကြောင့် အစာစားကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ ဤသည်ကား သင်တို့၏လွတ်မြောက်ခြင်းအတွက် ဖြစ်၏။ သင်တို့၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ ပျက်စီးမည်မဟုတ်”ဟု ဆိုလေ၏။