Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 8:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ကောင်း ကင် ဘုံ မှ နား ညောင်း၍ ကိုယ် တော်၏ ကျွန် ဖြစ် သူ ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် အ ပြစ် ဖြေ လွှတ် သည့် ပြင် လိုက် အပ် သော လမ်း ကောင်း ကို ညွှန် ပြ တော် မူ လျက် လူ မျိုး တော် အား အ ပိုင် ပေး ခဲ့ သော ပြည် ပေါ် တွင် မိုး ရွာ စေ တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏​လူ​တို့​အား အ​မွေ​ပေး​သော​မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 8:36
28 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရက်​ပေါင်း​များစွာ​ကုန်လွန်​လာ​၏​။ သုံး​နှစ်​ကြာ​လျှင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍ “​အာဟပ်​မင်းကြီး​ကို ကိုယ်တိုင်​သွား​တွေ့​လော့​။ ငါ​သည် မြေပြင်​ပေါ်သို့ မိုး​ကို​ရွာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ဧလိယ​က အာဟပ်​မင်းကြီး​အား “​တက်သွား​ပြီး စား​သောက်​ပါ​လော့​။ မိုးသည်းထန်​စွာ​ရွာ​မည့်​အသံ ကြား​ရ​ပြီ​”​ဟု ဆို​၏​။


ထိုတစ်ခဏချင်း​တွင်ပင် မိုးကောင်းကင်​မှ​တိမ်​များ မည်းမှောင်​အုံ့ဆိုင်း​လာ​သည်​သာမက လေ​များ​ပါ​တိုက်လာ​ပြီး မိုး​သည်းထန်​စွာ​ရွာ​လေ​တော့​သည်​။ အာဟပ်​မင်းကြီး​သည်​လည်း ရထား​စီးနင်း​ပြီး ယေဇရေလ​မြို့​သို့ ပြန်သွား​လေ​၏​။


ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။ မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။


နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​သည် မည်သူ​နည်း​။ ကိုယ်တော်​သည် ထို​သူ​ရွေးချယ်​ရ​မည့်​လမ်း​ကို သူ့​အား​သွန်သင်ပြသ​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​သည် ကောင်းမြတ်​၍ ဖြောင့်မှန်​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​သည် အပြစ်သား​တို့​အား လမ်း​တော်​ကို သွန်သင်ပြသ​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် အကျွန်ုပ်​ကို​ညီညာ​သော​လမ်း​၌​ပို့ဆောင်​တော်မူ​ပါ​။


ငါ​သည် သင့်​ကို​ပညာသတိ​ရှိ​စေ​၍ သင်​သွား​ရ​မည့်​လမ်း​ကို​သွန်သင်ပြသ​မည်​။ သင့်​ကို​ကြည့်ရှု​လျက် အကြံပေး​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​ရှေ့​မှာ ဖြောင့်တန်း​စေ​တော်မူ​ပါ​။


ကိုယ်တော်​၏​လူစု​တော်​သည် ထို​အရပ်​၌​အခြေချ​ခဲ့​ကြ​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ထဲမှ ပြင်ဆင်​ပေး​တော်မူ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိုး​ကို​များစွာ​ရွာသွန်း​စေ​၍ ကိုယ်တော်​၏​အမွေ​တော်​သည် အားအင်ကုန်ခန်း​သောအခါ ၎င်း​ကို ပြန်လည်​လန်းဆန်း​စေ​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​အတွက် တွင်း​တူး​စဉ်အခါ ဒုက္ခ​ရောက်​သော​နေ့ရက်​များ​မှ​လွတ်ငြိမ်း​စေရန် ကိုယ်တော်​ပဲ့ပြင်​သော​သူ​၊ ကိုယ်တော်​၏​တရားတော်​ကို ကိုယ်တော်​သင်ကြား​ပေး​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။


သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။


ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။


လူမျိုးခြား​တို့​၏​ရုပ်တု​တို့​သည် မိုး​ကို​ရွာ​စေ​နိုင်​သလော​။ ကောင်းကင်​သည်​လည်း မိုး​ကို​ရွာ​စေ​နိုင်​သလော​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သာလျှင် တတ်နိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် အလုံးစုံ​ကို တတ်နိုင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​ပါ​၏​။


အကျွန်ုပ်​တို့ လျှောက်​ရ​မည့်​လမ်း​၊ ပြု​ရ​မည့်​အမှု​ကို အရှင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​ပါစေ​”​ဟု ဆို​ကြ​၏​။


ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။


အို ဇိအုန်​သား​တို့​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည်​ဖြောင့်မတ်မှန်ကန်​တော်မူ​သည့်​အတိုင်း သင်​တို့​အဖို့ မိုးဦး​ကို ရွာ​စေ​တော်မူ​ပြီ​။ မိုးဦး​၊ မိုးနှောင်း​ကို​လည်း ယခင်က​ကဲ့သို့ပင် ရွာ​သွန်း​စေ​တော်မူ​ပြီ​။


လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။


ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။


ငါ​မူကား သင်​တို့​အဖို့ ဆု​မ​တောင်း​ဘဲ​နေ​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​လမ်း​၊ မှန်ကန်​သော​လမ်း​ကို သွန်သင်​ပြသ​လျက်​နေ​ပါ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ