နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
၃ ရာ 18:18 - မြန်မာ့စံမီသမ္မာကျမ်း ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။ Common Language Bible ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။- Garrad Bible ဣ သ ရေ လ အ မျိုး ကို ငါ မ နှောင့် ရှက်။ သင် နှင့် သင့် ဆွေ မျိုး သား ချင်း တို့ သာ ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို စွန့် လျက် ဗာ လ နတ် တို့ နောက် သို့ လိုက်၍ ဣ သ ရေ လ အ မျိုး ကို နှောင့် ရှက် ကြ ပြီ။ Judson Bible ဧလိယက၊ ငါသည် ဣသရေလအမျိုးကိုမနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။ |
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
ရှမာရိမြို့၌တည်ထားသောဗာလဘုရားဝတ်ကျောင်းတွင် ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်၏။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။ ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
သူတို့မျက်နှာ မာကျောသကဲ့သို့ သင့်မျက်နှာကို မာကျောစေမည်။ သူတို့ခေါင်းမာသကဲ့သို့ သင့်ကိုခေါင်းမာစေမည်။
အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။
သို့မဟုတ် အကျွန်ုပ်သည် တရားလွှတ်တော်ရှေ့၌ရပ်နေစဉ် အကျွန်ုပ်၌ မည်သည့်ပြစ်မှုကို သူတို့တွေ့ရှိကြောင်း ယခုရှိသောဤသူတို့ကိုယ်တိုင် ထွက်ဆိုကြပါစေ။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ယောနသန်ကလည်း “ငါ့ခမည်းတော်သည် ပြည်သားတို့ကို ဒုက္ခပေးလေပြီ။ ယခု ကြည့်ကြလော့။ ဤပျားရည်အနည်းငယ်ကို ငါမြည်းစမ်းကြည့်သောအခါ ငါအားပြည့်လန်းဆန်းလာပြီ။