လာဗန်နှင့်ဗေသွေလတို့ကလည်း “ဤအမှုသည် ထာဝရဘုရားထံတော်မှလာ၏။ အကျွန်ုပ်တို့သည် ကောင်းသည်၊ မကောင်းသည် ဟူ၍ သင့်ကိုမပြောနိုင်ပါ။
၃ ရာ 12:24 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။ Common Language Bible ``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။ Judson Bible သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။ |
လာဗန်နှင့်ဗေသွေလတို့ကလည်း “ဤအမှုသည် ထာဝရဘုရားထံတော်မှလာ၏။ အကျွန်ုပ်တို့သည် ကောင်းသည်၊ မကောင်းသည် ဟူ၍ သင့်ကိုမပြောနိုင်ပါ။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။
ထို့ကြောင့် အာမဇိမင်းကြီးသည် သူ့ထံသို့ရောက်လာသော ဧဖရိမ်ပြည်မှစစ်သူရဲများကို သူတို့အိမ်သို့ပြန်သွားရန် လွှတ်လိုက်၏။ သူတို့သည် ယုဒလူမျိုးတို့ကို အမျက်ထွက်၍ ဒေါသတကြီးနှင့် မိမိတို့အိမ်သို့ပြန်သွားကြ၏။
သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။
သင်တို့ တက်မသွားကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်။
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။