၂ ရာချုပ် 25:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထို့ကြောင့် အာမဇိမင်းကြီးသည် သူ့ထံသို့ရောက်လာသော ဧဖရိမ်ပြည်မှစစ်သူရဲများကို သူတို့အိမ်သို့ပြန်သွားရန် လွှတ်လိုက်၏။ သူတို့သည် ယုဒလူမျိုးတို့ကို အမျက်ထွက်၍ ဒေါသတကြီးနှင့် မိမိတို့အိမ်သို့ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ဧ ဖ ရိမ် ပြည် မှ လိုက် ပါ သော အ လုံး အ ရင်း ကို၊ အာ မ ဇိ မင်း ခွဲ ထား လျက်၊ နေ ရာ ရင်း သို့ ပြန် လွှတ် သည့် အ တွက်၊ ထို သူ တို့ သည် ယု ဒ အ မျိုး ကို ရန် ငြိုး ဖွဲ့ ပြီး လျှင်၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ နေ ရာ ရင်း သို့ ပြန် သွား ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာသော စစ်သူရဲတို့ကို ခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှာ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန်အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။