၂ ရာချုပ် 9:1 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။ Common Language Bible ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။- Garrad Bible ရှေ ဘ ပြည့် ရှင် ဘု ရင် မ သည် ရှော လ မုန် မင်း ၏ ကျော် စော ကိ တ္တိ သ တင်း ကို ကြား လျှင် နံ့ သာ မျိုး၊ ကျောက် မျက်၊ ရွှေ အ မြောက် အ မြား ကို တင် ဆောင် သော ကု လား အုပ် တို့ နှင့် တ ကွ များ စွာ သော အ ခြံ အ ရံ တို့ ပါ ယေ ရု ရှ လင် မြို့ သို့၊ စ ကား ဝှက် များ ဖြင့် စုံ စမ်း ရန် ရောက် ၍ ရှော လ မုန် မင်း ထံ ဝင် ပြီး လျှင် စိတ်၌ ကြံ စည် သ မျှ ကို စော ဒ နာ တင် သည့် ကာ လ Judson Bible ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ လာ၏။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယုတ်ရှန်သည် သားရှေဘနှင့်ဒေဒန်ကိုရ၏။ ဒေဒန်မှဆင်းသက်လာသောသူများမှာ အာရှုရိမ်လူမျိုး၊ လေတုရှိမ်လူမျိုးနှင့် လုမ်မိမ်လူမျိုး တို့ဖြစ်ကြ၏။
ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။
ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီးသည် မိမိနိုင်ငံတော်ကို ခိုင်ခံ့တည်မြဲစေ၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူပါရှိပြီး သူ့ကိုအထူးချီးမြှောက်တော်မူ၏။
သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။
ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကိုဖြေကြားနိုင်၏။ ရှောလမုန်မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။
ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုးကို နောက်ထပ်မရရှိတော့ချေ။
ငါ၏စိတ်ဒုက္ခကို ကိုယ်တော်၏ရှေ့တော်၌ဖွင့်ဟလျက် ငါ၏ဆင်းရဲဒုက္ခကို ကိုယ်တော်၏ရှေ့တော်၌ ကြားလျှောက်၏။
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
သူသည် သက်တော်ရှည်ပါစေသော။ လူတို့သည် ရှေဘရွှေကို သူ့အားဆက်သ၍ သူ့အတွက် အစဉ်မပြတ်ဆုတောင်းပေးကာ သူ့ကိုတစ်နေ့လုံးကောင်းချီးပေးကြပါစေသော။
ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။
ဤသည်ကား သုတ္တံစကား၊ ဥပစာစကားမှစ၍ ပညာရှိတို့၏စကားများနှင့် သူတို့၏ပဟေဠိများကို နားလည်စေရန်အတွက်ဖြစ်၏။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။
ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။