အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 33:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​၏​ဘုရားသခင်​ထံ သူ​ဆုတောင်း​ခဲ့​ပုံ​များ​၊ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ့​အား​မြွက်ဆို​ခဲ့​သော​ဗျာဒိတ်ရသူ​တို့​၏​စကား​များ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ နာ ရှေ မင်း စီ ရင် သော အ ကြွင်း အ ကျန် နှင့်၊ ကိုယ့် ဘု ရား သ ခင် အား ပ ဌ နာ ပြု ချက်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာ မ တော် ဖြင့်၊ အ မြော် အ မြင် ဆ ရာ တို့ ဆုံး မ ချက် များ ပါ၊ ဣ သ ရေ လ ရာဇ ဝင်၌ ရေး ထား လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မ​နာ​ရှေ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် မိ​မိ​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ခြင်း​အ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သူ့​အား​ပ​ရော​ဖက်​တို့ ဟော​ပြော​သော​စ​ကား​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 33:18
15 ပူးပေါင်းရင်းမြစ်များ  

ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​နှင့် သူ​၏​ဉာဏ်ပညာ​ကြီး​ပုံ​တို့​ကို ရှောလမုန်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကျန်ရှိ​နေ​သော နာဒပ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ထို့ကြောင့် ထာဝရဘုရား​က ဗျာဒိတ်ရသူ​ပရောဖက်​အပေါင်း​တို့​အားဖြင့် အစ္စရေး​လူမျိုး​နှင့်​ယုဒ​လူမျိုး​တို့​အား “​ဆိုးညစ်​သော​လမ်း​တို့​မှ ပြန်လှည့်​လာ​ကြ​လော့​။ ငါ့​အစေအပါး​ပရောဖက်​တို့​အားဖြင့် ဆင့်ဆို​စေ​သော​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်တရား​အလုံးစုံ​ဖြစ်​သည့် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ကြ​လော့​”​ဟု သတိပေး​တော်မူ​ခဲ့​၏​။


ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


ယောရှဖတ်​မင်းကြီး​၏​သား​တော်​ယဟောရံ​တွင် အာဇရိ​၊ ယေဟေလ​၊ ဇာခရိ​၊ အာဇရိ​၊ မိက္ခေလ​၊ ရှေဖတိ စသော​ညီအစ်ကို​များ ရှိ​၏​။ ဤ​သူ​အားလုံး​သည် အစ္စရေး​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​သား​တော်​များ ဖြစ်​၏​။


ကျန်ရှိ​နေ​သော ဟေဇကိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​ကောင်းမှု​များ​ကို ယုဒ​ဘုရင်​နှင့်​အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ပါဝင်​သော အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​၏​ဗျာဒိတ်နိမိတ်ကျမ်း​တွင် ရေးမှတ်​ထား​၏​။


ထာဝရဘုရား​သည် မနာရှေ​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​တို့​အား မိန့်​တော်မူ​သည်​ကို သူ​တို့ နား​မ​ထောင်​ကြ​။


သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် နှစ်ခြိုက်​စွာ​အိပ်မောကျ​သော​ဝိညာဉ်​ကို သင်​တို့​အပေါ်​သွန်းလောင်း​လျက် ပရောဖက်​များ​ဖြစ်​သော သင်​တို့​၏​မျက်စိ​ကို​ပိတ်​တော်မူ​၍ ဗျာဒိတ်ရသူ​များ​ဖြစ်​သော သင်​တို့​၏​ဦးခေါင်း​များ​ကို ဖုံးအုပ်​ထား​တော်မူ​ပြီ​။


သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။


ထို့ပြင် အာမဇိ​က အာမုတ်​အား “​အို ဗျာဒိတ်​ရ​သူ​၊ ယုဒ​ပြည်​သို့ ပြန်ပြေး​လော့​။ ထို​ပြည်​တွင် ပရောဖက်ပြု​၍ အသက်မွေး​လော့​။


သို့ဖြစ်၍ ဗျာဒိတ်ရသူ​တို့​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​တို့​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ဘုရားသခင်​သည် သူ​တို့​ကို​ထူး​တော်​မ​မူ​သောကြောင့် သူ​တို့​အားလုံး နှုတ်ပိတ်​နေ​ရ​လိမ့်မည်​။


(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။​)