Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 7:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို့ပြင် အာမဇိ​က အာမုတ်​အား “​အို ဗျာဒိတ်​ရ​သူ​၊ ယုဒ​ပြည်​သို့ ပြန်ပြေး​လော့​။ ထို​ပြည်​တွင် ပရောဖက်ပြု​၍ အသက်မွေး​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ အာ မုတ် အား လည်း၊ အို အ မြော် အ မြင် ဆ ရာ၊ ယု ဒ ပြည် သို့ ပြေး သွား ပြီး လျှင်၊ ဟော ပြော၍ အ သက် မွေး ပါ တော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အာ​မုတ်​ကို​လည်း ခေါ်၍၊ အို ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သို့ ပြေး​သွား​လော့။ ထို​ပြည်​မှာ ပ​ရော​ဖက်​ပြု၍ အ​သက်​မွေး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 7:12
16 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​ဆင့်ဆို​သောကြောင့် အာသ​မင်းကြီး​သည် စိတ်အာရုံရသူ​ကို အမျက်ထွက်​လေ​၏​။ အမျက်​ပြင်းစွာ​ထွက်​၍ သူ့​ကို ထောင်​ထဲ၌​ထည့်​ထား​လေ​၏​။ ပြည်သား​အချို့​တို့​ကို​လည်း ထို​အချိန်​မှစ၍ အာသ​မင်းကြီး​သည် ညှဉ်းဆဲ​လေ​၏​။


သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။


စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။


သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။


“သို့သော် သင်​တို့​သည် နာဇရိလူ​တို့​ကို​စပျစ်ဝိုင်​တိုက်​၍ ပရောဖက်​တို့​ကို​လည်း ‘ပရောဖက်ပြု​မ​ဟောပြော​နှင့်’​ဟု အမိန့်ပေး​ကြ​၏​။


အကြောင်းမူကား အာမုတ်​က ‘​ယေရောဗောင်​မင်းကြီး​သည် ဓား​ဖြင့်​သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် နေရင်းပြည်​မှ အမှန်ပင်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ ဟောပြော​ပါ​သည်”​ဟု လျှောက်ဆို​စေ​၏​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။


ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။


ကိုယ်တိုင်​လာ​ပြီး​တောင်းပန်​ကြ​ကာ သူ​တို့​ကို​ခေါ်ထုတ်​လျက် ထို​မြို့​မှ​ထွက်ခွာ​ကြ​ရန် မေတ္တာရပ်ခံ​ကြ​၏။


အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။


သင့်​အမျိုးအနွယ်​ထဲမှ ကြွင်းကျန်​သော​သူ​အားလုံး​တို့​သည် သူ့​ထံသို့​လာ​၍ စားစရာ​အနည်းငယ်​ရ​ဖို့ ယဇ်ပုရောဟိတ်​ဆိုင်ရာ​အလုပ်​တစ်ခုခု လုပ်​ခွင့်​ပြု​ပါ​ဟု ဆို​ပြီး ငွေ​တစ်စ​ရ​ဖို့​၊ မုန့်​တစ်လုံးစာ​ရ​ဖို့ ဦးညွှတ်ခယ​တောင်းဆို​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြောဆို​လေ​၏​။


(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။​)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ