ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
၂ ရာချုပ် 24:22 - မြန်မာ့စံမီသမ္မာကျမ်း ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။ Common Language Bible မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။ Garrad Bible သေ လု ဆဲ အ ခါ၊ ဤ အ မှု ကို ထာ ဝ ရ ဘု ရား ရှု ကြည့် စီ ရင် တော် မူ ပါ စေ သော ဟု ဆို ခဲ့ ၏။ ယော ရှ မင်း သည်၊ ဇာ ခ ရိ အ ဘ ယော ယ ဒ ပြု ခဲ့ သော ကျေး ဇူး ကို မ ထောက် ထား ဘဲ၊ သား ကို သတ် လေ စွ တ ကား။ Judson Bible ထိုသို့ ယောရှမင်းကြီးသည် ဇာခရိအဘ ယောယဒပြုသောကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေသည်တကား။ ဇာခရိသေသောအခါ၊ ဤအမှုကို ထာဝရဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟု ဆို၏။ |
ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။ အကျွန်ုပ်မူကား ဆုတောင်းလျက်နေပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။
တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
စိတ်နှလုံးအတွင်းသဘောကို စစ်ဆေး၍ ဖြောင့်မတ်စွာတရားစီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်မြင်တွေ့ပါရစေ။ အကျွန်ုပ်၏အမှုကို ကိုယ်တော်ထံ လျှောက်ထားပါပြီ။
အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။
ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် အစ္စရေးလူမျိုးတို့အား ကောင်းကျိုးချမ်းသာကို ပြုပေးခဲ့သကဲ့သို့ အစ္စရေးလူမျိုးတို့သည် သူ့မိသားစုအပေါ် မေတ္တာမပြကြချေ။