၂ ရာချုပ် 24:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ယောရှမင်းသည်ဇာခရိအားမကောင်းကြံ မှုတွင်ပါဝင်လျက် သူ၏အမိန့်အရပြည်သူ တို့သည်ဇာခရိအားဗိမာန်တော်တံတိုင်း အတွင်း၌ခဲနှင့်ပစ်သတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 လူ ပ ရိ သတ် တို့ သည် သင်း ဖွဲ့ လျက်၊ ဗိ မာန် တော် တံ တိုင်း အ တွင်း၊ ဘု ရင် မင်း အ မိန့် တော် အ ရ၊ ခဲ နှင့် ပစ် သတ် ကြ ၍၊ အခန်းကိုကြည့်ပါ။Judson Bible21 လူများတို့သည် သူ့ကို မကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။