ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
၂ ရာချုပ် 20:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ စတင်ချီးမွမ်းသီဆိုလိုက်သည်နှင့် ယုဒပြည်ကို ဝင်ရောက်ကျူးကျော်သည့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရတောင်ပေါ်သားတို့အား ချောင်းမြောင်းတိုက်ခိုက်မှုကို ထာဝရဘုရားဖြစ်စေတော်မူသဖြင့် သူတို့ ရှုံးနိမ့်သွားလေ၏။ Common Language Bible သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည်၊ ယု ဒ လူ မျိုး တို့ ကို ရန် မူ လာ သော အ မ္မုန်၊ မော ဘ အ မျိုး သား တို့ နှင့် စိ ရ တောင် တန်း သား တို့ တစ် ဘက်၊ တပ် ပုန်း ချ တော် မူ သ ဖြင့်၊ Judson Bible ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ |
ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။
သို့သော် ယေရောဗောင်မင်းကြီးသည် ယုဒတပ်အား အနောက်ဘက်မှသွား၍ ဝိုင်းထားရန် ချုံခိုတိုက်ခိုက်ရေးအဖွဲ့ကို လွှတ်လိုက်၏။ သူတို့သည် ယုဒတပ်ကို အရှေ့မှတစ်ဖွဲ့၊ အနောက်မှ ချုံခိုတိုက်ခိုက်ရေးအဖွဲ့ တို့ဖြင့် အသီးသီးဝိုင်းထားကြ၏။
ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
သေခြင်း၏ကြိုးတို့သည် ငါ့ကိုရစ်ပတ်ထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏တောင်ရှိသမျှတို့မှ ဓားကိုဆင့်ခေါ်၍ ဂေါဂမင်းကြီးကို တိုက်ခိုက်မည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ဓားဖြင့်ခုတ်သတ်ကြလိမ့်မည်။
ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။
ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် ရှောလုမင်းကြီး၏ကင်းစောင့်တို့သည် ဖိလိတ္တိစစ်သည်များ တပ်ပျက်၍ ဟိုဟိုသည်သည်ပြေးလွှားနေကြသည်ကို မြင်လျှင်
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။