၂ ရာချုပ် 13:13 - မြန်မာ့စံမီသမ္မာကျမ်း13 သို့သော် ယေရောဗောင်မင်းကြီးသည် ယုဒတပ်အား အနောက်ဘက်မှသွား၍ ဝိုင်းထားရန် ချုံခိုတိုက်ခိုက်ရေးအဖွဲ့ကို လွှတ်လိုက်၏။ သူတို့သည် ယုဒတပ်ကို အရှေ့မှတစ်ဖွဲ့၊ အနောက်မှ ချုံခိုတိုက်ခိုက်ရေးအဖွဲ့ တို့ဖြင့် အသီးသီးဝိုင်းထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ယေ ရော ဗောင် မင်း သည် နောက် ပိုး တပ် ပုန်း ချ လျက်၊ ယု ဒ တပ် ရင် ဆိုင်၌ တပ် မ၊ နောက် ပိုး ၌ တပ် ပုန်း ညှပ်၏။ အခန်းကိုကြည့်ပါ။Judson Bible13 ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင်မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တစ်ဘက်၊ ချောင်းနေသောသူတစ်ဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။ အခန်းကိုကြည့်ပါ။ |