၂ ရာချုပ် 13:15 - မြန်မာ့စံမီသမ္မာကျမ်း15 ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ယုဒအမျိုးသားတို့သည်အဘိယ၏ခေါင်း ဆောင်မှုဖြင့် အသံကျယ်စွာကြွေးကြော် လျက်တိုက်ခိုက်ကြကုန်၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ယေ ရော ဗောင် မင်း နှင့် ဣ သ ရေ လ ရဲ မက် တို့ ကို၊ အ ဘိ ယ မင်း နှင့် ယု ဒ အ လုံး အ ရင်း တို့ ရှေ့၊ ဘု ရား သခင် ဒဏ် စီ ရင် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible15 တစ်ဖန် ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ အခန်းကိုကြည့်ပါ။ |
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။