၁ ရာ 14:20 - မြန်မာ့စံမီသမ္မာကျမ်း20 ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ထိုနောက်သူနှင့်သူ၏တပ်သားများသည် ရှုပ်ထွေးနေသည့်အခြေအနေတွင် အချင်း ချင်းခုတ်နေကြသောဖိလိတ္တိအမျိုးသား တို့အားဝင်ရောက်တိုက်ခိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible20 အ ပါး တော် ရှိ ရဲ မက် အ ပေါင်း တို့ ကို စု ရုံး စေ လျက် စစ် မြေ ပြင် သို့ ရောက် လျှင် ဖိ လိ တ္တိ ရဲ မက် တို့ သည် အ ချင်း ချင်း ခုတ် ကြ သ ဖြင့် ကြီး စွာ ပျက် ပြား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 မိမိနှင့်လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကိုတစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။ အခန်းကိုကြည့်ပါ။ |
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။