“ ‘အကျွန်ုပ်တို့အပေါ် သင့်ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါ’ဟု တောင်းဆိုလာသောလူတို့အား မည်သို့ပြန်ပြောရပါမည်ကို အကြံပေးကြပါ”ဟု သူတို့အား တိုင်ပင်မေးမြန်းလျှင်
၂ ရာချုပ် 18:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားသခင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။ Common Language Bible သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။ Garrad Bible ဣ သ ရေ လ ဘု ရင် သည်၊ ပ ရော ဖက် လေး ရာ တို့ ကို စု ရုံး စေ ပြီး လျှင်၊ ငါ တို့ သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ သင့် သ လော၊ မ ချီ သင့် လော ဟု မေး ရာ၊ ချီ တော် မူ ပါ။ ဘု ရင် မင်း လက် တော် သို့ ဘု ရား သ ခင် အပ် နှင်း တော် မူ လိမ့် မည် ဟု တင် လျှောက် ကြ ၏။ Judson Bible ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။ |
“ ‘အကျွန်ုပ်တို့အပေါ် သင့်ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါ’ဟု တောင်းဆိုလာသောလူတို့အား မည်သို့ပြန်ပြောရပါမည်ကို အကြံပေးကြပါ”ဟု သူတို့အား တိုင်ပင်မေးမြန်းလျှင်
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့ စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲ နေရမည်လော”ဟု မေးလျှင် သူက “စစ်ချီတော်မူပါ။ အောင်မြင်မှုရလိမ့်မည်။ ရန်သူများသည် မင်းကြီးလက်သို့ ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
ထိုပရောဖက်တို့က ငါ့ကို မထီလေးစားပြုသူတို့အား ‘ထာဝရဘုရားက သင်တို့၌ ငြိမ်သက်ခြင်းရှိမည်ဟူ၍ မိန့်တော်မူသည်’ဟု အထပ်ထပ်ဟောတတ်ကြ၏။ စိတ်သဘောမာကျောသောသူအားလုံးအား ‘သင်တို့ ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟူ၍ ဟောတတ်ကြသည်”ဟု မိန့်တော်မူ၏။
သင်တို့က ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို ပြောပြပါလော့။ အကျွန်ုပ်တို့ လိုက်နာပါမည်’ဟု ငါ့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်စေသည်မှာ လိမ်လည်ခြင်းသာဖြစ်၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။