၂ ရာချုပ် 18:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ထိုနောက်သူသည်ဆက်၍``သို့ရာတွင်ဤ ကိစ္စကိုထာဝရဘုရားအားဦးစွာမေး မြန်းလျှောက်ထားပါလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ယော ရှ ဖတ် မင်း က လည်း၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဦး စွာ မေး လျှောက် ပါ လော့ ဟု၊ ဣ သ ရေ လ ဘုရင် အား ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible4 တစ်ဖန် ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊ အခန်းကိုကြည့်ပါ။ |
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။