၂ ရာချုပ် 18:3 - မြန်မာ့စံမီသမ္မာကျမ်း
အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။
သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
အခန်းကိုကြည့်ပါ။
အ ကြည် တော် သည်၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့၊ ကျွန်ုပ် နှင့် အ တူ စစ် ချီ မည် လော ဟု၊ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း အား မေး ရာ၊ ကျွန်ုပ် သည် အ ကြည် တော် ကဲ့ သို့ လည်း ကောင်း၊ ဗိုလ် ထု လည်း အ ကြည် တော့် ဗိုလ် ထု ကဲ့ သို့လည်း ကောင်း၊ ဖြစ် ပါ၍၊ စစ် ကူ ပါ မည် ဟု ပြန် ဆို လေ ၏။
အခန်းကိုကြည့်ပါ။
ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည် မင်းကြီးကဲ့သို့လည်းကောင်း၊ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်းဖြစ်လျက်၊ မင်းကြီးနှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။
အခန်းကိုကြည့်ပါ။