ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၂ ရာချုပ် 15:6 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။ Common Language Bible ဘုရားသခင်သည်သူတို့အားဒုက္ခအမျိုး မျိုးရောက်စေတော်မူသဖြင့် တစ်နိုင်ငံက တစ်နိုင်ငံကိုလည်းကောင်း၊ တစ်မြို့ကတစ် မြို့ကိုလည်းကောင်းဖိနှိပ်ကြလေသည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် ဘေး ရန် အ မျိုး မျိုး ဖြစ် ပွား စေ တော် မူ သည် နှင့် အ ညီ၊ လူ မျိုး ချင်း၊ မြို့ ရွာ ချင်း တိုက် ဖျက် ကြ ကုန် ၏။ Judson Bible တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။ |
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
ကိုယ်တော်သည် သူတို့ကိုလူမျိုးခြားတို့၏လက်သို့ အပ်တော်မူသဖြင့် သူတို့ကိုမုန်းသောသူတို့သည် သူတို့ကိုအုပ်စိုးကြ၏။
သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေးအန္တရာယ်သည် လူမျိုးတစ်မျိုးမှတစ်မျိုးသို့ ရောက်သွားမည်။ ပြင်းထန်သောမုန်တိုင်းသည် မြေကြီးစွန်းမှ တိုက်ခတ်လာမည်။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငလျင်လှုပ်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။