၂ ရာချုပ် 15:6 - Common Language Bible6 ဘုရားသခင်သည်သူတို့အားဒုက္ခအမျိုး မျိုးရောက်စေတော်မူသဖြင့် တစ်နိုင်ငံက တစ်နိုင်ငံကိုလည်းကောင်း၊ တစ်မြို့ကတစ် မြို့ကိုလည်းကောင်းဖိနှိပ်ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား သည် ဘေး ရန် အ မျိုး မျိုး ဖြစ် ပွား စေ တော် မူ သည် နှင့် အ ညီ၊ လူ မျိုး ချင်း၊ မြို့ ရွာ ချင်း တိုက် ဖျက် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible6 တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-