Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 106:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ကိုယ်တော်​သည် သူ​တို့​ကို​လူမျိုးခြား​တို့​၏​လက်​သို့ အပ်​တော်မူ​သဖြင့် သူ​တို့​ကို​မုန်း​သော​သူ​တို့​သည် သူ​တို့​ကို​အုပ်စိုး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့် ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 လူ မျိုး ခြား တို့ လက် သို့ အပ် တော် မူ သ ဖြင့် မုန်း ထား သူ တို့ အုပ် စိုး လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ မုန်း​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 106:41
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။


ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် လက်​ကို​ဆန့်တန်း​ပြီး သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ဝေစု​ကို လျှော့ချ​ပစ်​မည်​။ သင်​၏​ညစ်ညမ်း​သော​လုပ်ရပ်​များ​ကြောင့် သင့်​ကို​မုန်းတီး​သော​၊ သင့်​အစား​ရှက်​သော ဖိလိတ္တိ​သမီးပျို​တို့​လက်​သို့ သင့်​ကို​အပ်လိုက်​မည်​။


ထာဝရဘုရား​သည် သင့်​ရန်သူ​တို့​ရှေ့​၌ သင့်​ကို​ရှုံးနိမ့်​စေ​တော်မူ​မည်​။ သင်​သည် လမ်း​တစ်လမ်းတည်း​ဖြင့် သူ​တို့​ထံသို့​လာ​သော်လည်း သူ​တို့​ထံ​မှ လမ်း​ခုနစ်​လမ်း​ဖြင့် ထွက်ပြေး​ရ​မည်​။ မြေကြီး​ပေါ်​ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် သင်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။


မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။


သင့်​မြေ​၏​အသီးအနှံ​၊ သင့်​ချွေးနှဲစာ​ရှိသမျှ​တို့​ကို သင်​မ​သိ​သော​လူမျိုး​သည် စား​လိမ့်မည်​။ သင်​သည် နှိပ်စက်​ညှဉ်းဆဲ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံရ​လိမ့်မည်​။


ဆာလောင်မွတ်သိပ်​ခြင်း​၊ အဝတ်အချည်းစည်း​ဖြစ်​ခြင်း​၊ အရာရာ​ချို့တဲ့​ခြင်း​တို့​ဖြင့် ထာဝရဘုရား​စေလွှတ်​တော်မူ​သော သင်​၏​ရန်သူ​ကို သင်​အစေခံ​ရ​လိမ့်မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သံ​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ် တင်​ထား​တော်မူ​မည်​။


သူ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​ကို​ရောင်း​ပစ်​တော်​မ​မူ​လျှင်​၊ ထာဝရဘုရား​သည် သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​လျှင် လူ​တစ်​ယောက်​သည် လူ​တစ်ထောင်​ကို မည်သို့​လိုက်​နိုင်​မည်နည်း​။ လူ​နှစ်​ယောက်​သည် လူ​တစ်သောင်း​ကို မည်သို့​ထွက်ပြေး​စေ​နိုင်​မည်နည်း​။


ထိုအခါ ယုဒ​အမျိုးသား​သုံး​ထောင်​တို့​သည် ဧတံ​ကျောက်​ဂူ​သို့ သွား​၍​ရှံဆုန်​အား “​ဖိလိတ္တိ​လူမျိုး​တို့​က ငါ​တို့​အား အုပ်စိုး​နေ​သည်​ကို သင် မ​သိ​သလော​။ ယခု ငါ​တို့​၌ သင်​မည်သို့​ပြု​ဘိ​သနည်း​”​ဟု ဆို​လျှင် ရှံဆုန်​က “​ငါ့​ကို သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း ငါ​ပြန်​ပြု​ခြင်း​သာ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထိုသို့ ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​သောကြောင့် ထာဝရဘုရား​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို အစ္စရေး​လူမျိုး​တို့​ထက် အားကြီး​စေ​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို တစ်ဆယ့်​ရှစ်​နှစ် အစေခံ​ရ​၏​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​လက်​သို့ ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို ရှစ်​နှစ်​အစေခံ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ