သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
၂ ရာချုပ် 11:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးပြည်တစ်ပြည်လုံးရှိယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်နေရပ်အသီးသီးမှ ရောဗောင်မင်းကြီးထံသို့ လာကြ၏။ Common Language Bible ဣသရေလနိုင်ငံတစ်ဝှမ်းလုံးမှယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် တောင် ဘက်ရှိယုဒပြည်သို့လာရောက်ကြ၏။- Garrad Bible ဣ သ ရေ လ နိုင် ငံ တစ် ဝှမ်း လုံး ရှိ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခို ဝင် ကြ ကုန် ၏။ Judson Bible ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော်သို့ လာကြ၏။ |
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။
အာသမင်းကြီးနန်းစံသုံးဆယ့်ခြောက်နှစ်တွင် အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။
ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။
‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု မပြောဆိုရန် ငါမိန့်မှာခဲ့သော်လည်း သင်တို့က ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုကြ၏။ ထို့ကြောင့် ထာဝရဘုရားက ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု သင်တို့ပြောဆိုကြသောကြောင့်
သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။
သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။