၂ ရာချုပ် 23:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ထို သူ တို့ သည် ယု ဒ ပြည် လုံး နှံ့ လှည့် လည် လျက်၊ လေ ဝိ ဂိုဏ်း သား တို့ နှင့်၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အချုပ် တို့ ကို၊ မြို့ ရွာ များ မှ ခေါ်၍၊ ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလအဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့သို့ ပြန်လာကြ၏။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင်
သူတို့အား “သင်တို့သည် လေဝိအမျိုးဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ ထို့ကြောင့် ယခု သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ဆွေမျိုးသားချင်းများကိုယ်တိုင် ကိုယ်ကိုသန့်ရှင်းစေပြီး ငါပြင်ဆင်ထားသောနေရာသို့ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြလော့။