ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
၂ ရာချုပ် 1:15 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ရွှေငွေတို့ကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။ Common Language Bible သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။- Garrad Bible ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ တွင် ရွှေ၊ ငွေ ကို ကျောက် ခဲ များ နှင့် အ မျှ လည်း ကောင်း၊ သစ် က တိုး ပင် များ ကို ရှ ဖေ လာ ခ ရိုင် တွင် အ လေ့ ပေါက် ပိုး စာ ပင် များ နှင့် အ မျှ လည်း ကောင်း၊ ပွား များ စေ ၏။ Judson Bible ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။ |
ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ငွေကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။
ငါသည် ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ယူခဲ့မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်၏ကြီးကြပ်ကွပ်ကဲသူဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို သင်၏အုပ်ချုပ်သူဖြစ်စေမည်။
“အုတ်များပြိုလဲလျှင်လည်း ထုဆစ်ထားသောကျောက်နှင့် ပြန်တည်ဆောက်မည်။ သင်္ဘောသဖန်းပင်များခုတ်လှဲခံရလျှင်လည်း သစ်ကတိုးပင်များနှင့် အစားထိုးမည်”ဟု ဆိုကြ၏။
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။
ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။