Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 9:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ငွေ​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ တွင် ငွေ ကို၊ ကျောက် ခဲ များ နှင့် အ မျှ လည်း ကောင်း၊ သစ် က တိုး ပင် များ ကို ရှဖေ လာ ခ ရိုင် တွင် အ လေ့ ပေါက် ပိုး စာ ပင် များ နှင့် အ မျှ လည်း ကောင်း၊ ပွား များ စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 9:27
9 ပူးပေါင်းရင်းမြစ်များ  

ဂေဒါ​မြို့သား​ဗာလဟာနန်​သည် မြေနိမ့်ဒေသ​ရှိ သံလွင်ပင်​၊ သင်္ဘောသဖန်းပင်​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ယောရှ​သည် သံလွင်ဆီ​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။


ရှောလမုန်​မင်းကြီး​၏​ဖလား​အသုံးအဆောင်​အားလုံး​မှာ ရွှေ​ဖြင့်​ပြုလုပ်​ထား​၏​။ လက်ဘနွန်​တော​စံနန်းဆောင်​၏​အသုံးအဆောင်​အားလုံး​မှာ​လည်း ရွှေ​စင်​ဖြင့်​ပြုလုပ်​ထား​၏​။ ငွေထည်​ပစ္စည်း​တစ်​ခု​မျှ​မ​ရှိ​။ ရှောလမုန်​မင်းကြီး​လက်ထက်​တွင် ငွေ​သည် တန်ဖိုး​မ​ရှိ​ဟု မှတ်ယူ​ကြ​၏​။


သူ​တို့​၏​စပျစ်ပင်​များ​ကို မိုးသီး​ဖြင့်​လည်းကောင်း​၊ သူ​တို့​၏​သင်္ဘောသဖန်းပင်​များ​ကို နှင်းခဲ​ဖြင့်​လည်းကောင်း ဖျက်ဆီး​တော်မူ​၏​။


“​အုတ်​များ​ပြိုလဲ​လျှင်လည်း ထုဆစ်​ထား​သော​ကျောက်​နှင့် ပြန်တည်ဆောက်​မည်​။ သင်္ဘောသဖန်းပင်​များ​ခုတ်လှဲ​ခံရ​လျှင်လည်း သစ်ကတိုးပင်​များ​နှင့် အစားထိုး​မည်​”​ဟု ဆို​ကြ​၏​။


အာမုတ်​က​လည်း အာမဇိ​အား “​ငါ​သည် ပရောဖက်​မ​ဟုတ်​၊ ပရောဖက်​၏​သား​လည်း​မ​ဟုတ်​။ ငါ​သည် သိုး​များ​ကို ထိန်းကျောင်းသူ​၊ သင်္ဘောသဖန်းပင်​များ​ကို စိုက်ပျိုး​ပြုစု​သူ​ဖြစ်​၏​။


ထို့ကြောင့် သူ​သည် ကိုယ်တော်​ကို​တွေ့မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သဖန်းပိုးစာ​ပင်​ပေါ်သို့​တက်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ထို​နေရာ​ကို​ဖြတ်​သွား​တော့မည်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ