ဟေရှာယ 60:17 - မြန်မာ့စံမီသမ္မာကျမ်း17 ငါသည် ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ယူခဲ့မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်၏ကြီးကြပ်ကွပ်ကဲသူဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို သင်၏အုပ်ချုပ်သူဖြစ်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ကြေး အ စား ရွှေ၊ သံ အ စား ငွေ၊ သစ် သား အ စား ကြေး၊ ကျောက် အ စား သံ ကို၊ ငါ ဆောင် သွင်း လျက်၊ သင့် အ အုပ် အ ချုပ် များ အ ဖြစ် ချမ်း သာ ခြင်း၊ အ ကြပ် အ ဆော် များ အ ဖြစ် ဖြောင့် မတ် ခြင်း ကို ခန့် ထား လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။ အခန်းကိုကြည့်ပါ။ |