ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။
ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
သို့ ပြီး မှ ဒါ ဝိဒ် မင်း သည် ဖိ လိ တ္တိ လူ မျိုး ကို လုပ် ကြံ နှိမ် နင်း၍ ၎င်း မြို့ တော်၏ ဂုဏ် ရည် တိမ် ကော စေ ၏။
ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့က “ငါတို့ကို ရန်သူ့လက်မှ ကယ်တင်သူမှာ ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ လွတ်မြောက်စေသူမှာလည်း ရှင်ဘုရင်ပင် ဖြစ်၏။ သို့သော် ယခုမှာ အဗရှလုံကြောင့် ရှင်ဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးနေရပါပြီ။
ယွာဘနှင့် အဘိရှဲမူကား အာဗနာကို ဆက်လိုက်ကြပြီး နေဝင်ချိန်တွင် ဂိဗောင်တောကန္တာရသွားရာလမ်း၊ ဂိအာမြို့နှင့်မျက်နှာချင်းဆိုင် အမ္မတောင်ကုန်းသို့ ရောက်လာကြ၏။
ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သောလူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူးအဖြစ် အကျွန်ုပ်ကို စောင့်ရှောက်တော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည်လည်း အကျွန်ုပ်ကိုအစေခံကြပါ၏။
ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် ခံတပ်ရှိရာသို့ ဆင်းသွား၏။
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိလူမျိုးတို့ကို ဂေဗမြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကို နာမည်ကြီးကျော်ကြားစေမည်။
ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သော လူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူး ဖြစ်စေတော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည် အကျွန်ုပ်ကိုအစေခံကြပါ၏။
ကိုယ်တော်သည် မြေကြီးကို တုန်ခါစေ၍ ၎င်းကိုကွဲအက်စေခဲ့ပါ၏။ ထိုကွဲအက်ရာတို့ကို ပြုပြင်တော်မူပါ။ အကြောင်းမူကား ၎င်းသည် တုန်လှုပ်လျက်ရှိပါ၏။
မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။ ဖိလိတ္တိပြည်ကို အောင်နိုင်သောကြောင့် ငါကြွေးကြော်မည်”ဟူ၍ဖြစ်၏။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။