ဆာလံ 18:43 - မြန်မာ့စံမီသမ္မာကျမ်း43 ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သော လူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူး ဖြစ်စေတော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည် အကျွန်ုပ်ကိုအစေခံကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible43 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible43 ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို လူ မျိုး တော်၏ ဘက် ပြိုင် မှု များ မှ ကယ် နုတ် တော် မူ၍၊ လူ မျိုး ခြား တို့၏ အ ကြီး ဥ က္က ဋ္ဌ ဖြစ် စေ တော် မူ ပါ ပြီ။ ငါ မ သိ ဘူး သော လူ မျိုး သည်၊ ငါ့ အ စေ ကို ခံ ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible43 လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။