၂ ရာ 22:44 - မြန်မာ့စံမီသမ္မာကျမ်း44 ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သောလူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူးအဖြစ် အကျွန်ုပ်ကို စောင့်ရှောက်တော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည်လည်း အကျွန်ုပ်ကိုအစေခံကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible44 ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။ အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible44 ကိုယ် တော် သည် အ ကျွန်ုပ် ကို လူ မျိုး ချင်း တို့ ဘက် ပြိုင် မှု များ မှ ကယ် နုတ် တော် မူ၍ လူ မျိုး ခြား တို့၏ အ ကြီး ဥက္ကဋ္ဌ အ ဖြစ် စောင့် ထိန်း တော် မူ ပါ ပြီ။ ငါ မ သိ ဘူး သော လူ မျိုး သည် ငါ့ အ စေ ကို ခံ ရ၏။ အခန်းကိုကြည့်ပါ။Judson Bible44 လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှာ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။